top of page

■ယူရိုသန်း(၂၅၀)ဖြင့် ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို PSG အသင်းကမ်းလှမ်း


PSG အသင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို (၅)နှစ်စာချုပ်အတွက် ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။


ယခုနွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ဆုံးရှုံးခဲ့ရတဲ့အတွက်  PSG အသင်းက ထိပ်တန်းတိုက်စစ်ကစားသမားဖြင့် ပြန်လည်အစားထိုးရန် စီစဉ်နေရာ ဗင်နီစီယပ်စ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


PSG အသင်းက အသက်၂၃ နှစ်သာရှိသေးတဲ့ရီးရဲလ်ကစားသမားဗင်နီစီယပ်စ်ကို တစ်နှစ်လစာ ယူရိုသန်း (၅၀)နှုန်းဖြင့် (၅)နှစ်စာချုပ်အတွက် ယူရိုသန်း(၂၅၀)တန် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ထို့ပြင် ဘာပေနှင့် နေမာတို့ကို ပေးအပ်ခဲ့တဲ့အတိုင်း ပုံရိပ်မူပိုင်ခွင့်နဲ့ အခြားဆုကြေးခံစားခွင့်များ ပေးအပ်သွားမယ်လို့လည်း မက်လုံးပေးခဲ့ကြောင်းလည်းသိရပါတယ်။


ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအချိန်မှာ ရီးယဲလ်အသင်းရဲ့ ဦးဆောင်တိုက်စစ်ကစားသမားအဖြစ် ရပ်တည်နေသော်လည်း ဘာပေ ရောက်ရှိလာပါက အပြောင်းအလဲဖြစ်လာနိုင်တဲ့အတွက် အနာဂတ်မရေရာကြောင်း သိရပါတယ်။

Comments


bottom of page