top of page

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဂုဏ်ပြုလိုက်၊ ရန်ဖြစ်လိုက် လုပ်ခဲ့တဲ့ ဆွာရက်ဇ်ရဲ့လုပ်ရပ် ဟာသဖြစ်နေ


suarez criticises colombia for ugly celebrations

မနေ့က မနက်ပိုင်းမှာ ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ကိုလံဘီယာတို့ရဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲအပြီး ဆွာရက်ဇ်ရဲ့လုပ်ရပ်က ပရိသတ်တွေအကြားမှာ ဟာသအဖြစ် ရေပန်းစားနေခဲ့ပါတယ်။ ဒီပွဲမှာ ကိုလံဘီယာက ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။


Luis Suárez


ဒီပွဲက ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာလည်း ပြဿနာတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ကွင်းအတွင်းမှာ နှစ်ဖက်ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ထိပ်တိုက်တွေ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြသလို ပွဲကြည့်စင်ပေါ်မှာလည်း ပြဿနာတက်ခဲ့ကြတာပါ။


ဥရုဂွေး တိုက်စစ်မှူး ဒါဝင်နူးညက်ဇ်ဟာ ကိုလံဘီယာပရိသတ်တွေရှိနေတဲ့ ပွဲကြည့်စင်ကို ထိုင်ခုံနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒါက ထိရောက်မှုမရှိခဲ့သည့်တိုင် နူးညက်ဇ်က ပွဲကြည့်စင်ပေါ်အထိ တက်သွားပြီး ပရိသတ်တွေနဲ့ ထိုးကြိတ်တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။


Luis Suárez

အခြားသော ဥရုဂွေး ကစားသမားတွေလည်း ဒီရန်ပွဲမှာ ပါဝင်ခဲ့ပြီး လုံခြုံရေးတွေက ဖျန်ဖြေခဲ့ရပါတယ်။ မြက်ခင်းပေါ်က ဖြစ်ရပ်မှာလည်း ဆွာရက်ဇ်က ပြဿနာအရင်စရှာခဲ့ပြီးနောက် ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဂုဏ်ပြုအနမ်းပေးခဲ့ပါသေးတယ်။


အဲ့ဒီနောက်မှာ ရန်ပွဲထဲ ပြန်ပါလာခဲ့ပြီး ဆွာရက်ဇ်ရဲ့လုပ်ရပ်ကို ပရိသတ်တွေကတော့ ဟာသအဖြစ် ရယ်မောနေခဲ့ကြပါတယ်။ ဆွာရက်ဇ်ဟာ ဒီဖြစ်စဉ်အတွင်း ပြိုင်ဘက်ကစားသမားကို ကိုက်ဖို့ ကြိုးစားခဲ့သေးတာလည်း ရုပ်သံမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။


Comments


bottom of page