နယ်သာလန်ကို အနိုင်ယူကာ ယူရို-၂၀၂၄ ဗိုလ်လုပွဲဆီ တက်ရောက်လာတဲ့ အင်္ဂလန်
- 777 Kyat
- Jul 11, 2024
- 1 min read

ဒီနေ့ပွဲစဉ်မှာ နှစ်သင်းလုံးက ပွဲချိန်တလျှောက်လုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။
ပွဲရလဒ်အပေါ် အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ လူစားလဲမှန်ကန်မှုဖြစ်ပြီး ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားနှစ်ဦးရဲ့အားထုတ်မှုမှတဆင့် အခုပွဲစဉ်အတွက် အဖိုးတန်အနိုင်ဂိုး ပေါ်ထွက်လာခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အင်္ဂလန်က လာမယ့်တနင်္ဂနွေနေ့မှာ စပိန်အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့် ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးကို ဆင်နွှဲခွင့် ရရှိသွားပါတယ်။
Comments