top of page

အင်္ဂလန်လူငယ်စတားတွေကိုပွဲမထုတ်ခဲ့တဲ့ ဆောက်ဂိတ်ကို ဝေဖန်လိုက်တဲ့ ဝိန်းရွန်းနီ


Roney and Gate

တိုင်းမ်စ်သတင်းဌာနနဲ့အင်တာဗျူးမှာ အင်္ဂလန်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက ဆလိုဗက်ကီးယားနဲ့ ၁၆ သင်းအဆင့်ပွဲမတိုင်ခင် မီနူး ၊ ဂေါ်ဒွန် နဲ့ ပယ်လ်မာတို့ိုကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။


ဆောက်ဂိတ်ဟာ အဆိုပါလူငယ်စတားတွေကို အုပ်စုအဆင့်ပွဲစဉ်တွေမှာ ချန်လှပ်ထားပြီး ကွင်းလယ်မှာ အာနိုးလ် ၊ ဂယ်လာဟာတို့ကို ပွဲထုတ်ခဲ့ပါတယ်။

ဒါပေမယ့် မီနူး ၊ ဂေါ်ဒွန် နဲ့ ပယ်လ်မာတို့ကတော့ ပါဝင်ခွင့်မရခဲ့ပဲ ရွန်းနီက ၁၆ သင်းအဆင့်မှာ သူတို့ကို ပွဲထုတ်စေချင်နေပါတယ်။


“ဆလိုဗက်ကီးယားနဲ့ပွဲမျာ မီနူးကို ပွဲထွက်ကစားသမားအဖြစ် မြင်ချင်ပါတယ်။ ပယ်လ်မာလည်း တကယ်ကောင်းခဲ့သလို ဂေါ်ဒွန်လည်း ပါဝင်ခွင့်ရသင့်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ ဆောက်ဂိတ်အနေနဲ့ မှန်ကန်တဲ့အသင်းမျိုးပွဲထုတ်သင့်ပါတယ်။

ဆလိုဗက်ကီးယားနဲ့ပွဲမှာ အဆိုပါလူငယ်ကစားသမား ၃ ဦးထဲက ၂ ဦးကို ပွဲထုတ်သင့်ပါတယ်။ အချက်အလက်တွေအရ မီနူး နဲ့ ဂေါ်ဒွန်တို့ ပါဝင်လာသင့်ပါတယ်။

အုပ်စုအဆင့်တွေမှာ သူတို့မပါဝင်ခဲ့လို့ ကျွန်တော်အံ့သြမိပါတယ်။ အာနိုးလ်ကွင်းလယ်မှာကစားမယ်လို့ မထင်ခဲ့မိပါဘူး။ ဒီလိုထားကစားတာကလည်း အလုပ်မဖြစ်သလို ဂယ်လာဟာကို မီနူးနဲ့တွဲဖက်ပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။


ပယ်လ်မာလေးကလည်း တကယ်ကောင်းသလို သူကဘောလုံးယူဆောင်နိုင်သလို တည်ငြိမ်မှုလည်းရှိပါတယ်။ ဂေါ်ဒွန်ကတော့ သူနဲ့ကွဲပြားခြားမှုရှိတဲ့ကစားသမားမျိုးပါ”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ ဆလိုဗက်ကီးယားနဲ့ပွဲမှာ မီနူးကို ပွဲထွက်ခွင့်ပေးဖို့ ပြင်ဆင်နေပြီး ဂေါ်ဒွန်လည်း ဖိုဒန်မပါဝင်နိုင်တာကြောင့် ပါဝင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အင်္ဂလန်အနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ကွာတားဖိုင်နယ်မှာ အီတလီ ဒါမှမဟုတ် ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

#ဘောလုံး #football #england #sportnews #sports

Comments


bottom of page