top of page

ခရိုအေးရှားကို သရေကစားကာ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ အီတလီ



ခရိုအေးရှား ၁-၁ အီတလီ (ပွဲပြီးရလဒ်)


ပထမပိုင်းပွဲချိန်အတွင်း သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ခရိုအေးရှားတို့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ ခရိုအေးရှားကပဲ ရလဒ်ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပြီး အီတလီကတော့ ချေပဂိုးရရှိဖို့ အပြင်းအထန်အားထုတ်လာခဲ့ပါတယ်။ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာတော့ အီတလီအသင်းချေပဂိုး ရရှိကာ အုပ်စုဒုတိယနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ဖြစ်လာပါတယ်။ ခရိုအေးရှားကတော့ အကောင်းဆုံးအုပ်စုတတိယနေရာနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ လက်ကျန်အခြားအုပ်စုပွဲစဉ်ရလဒ်တွေကို စောင့်ဆိုင်းသွားရပါမယ်။ 



Comments


bottom of page