top of page

ကိုပါအမေရိကအုပ်စုအဆင့် နောက်ဆုံးပွဲကိုလွဲချော်မယ့်မက်ဆီနဲ့စကာလိုနီ


မက်ဆီ

အာဂျင်တီးနားနည်းပြ စကာလိုနီနဲ့ မက်ဆီတို့က ပီရူးနဲ့ ကန်မယ့် ကိုပါအမေရိကအုပ်စုအဆင့် နောက်ဆုံးပွဲကို လွဲချော်မယ်လို့ သိရပါတယ်။


“လီယိုက နောက်ဆုံးပွဲမှာ ပြဿနာရှိနေပါတယ်။ သူဒီပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ သူ့အခြေအနေကို တစ်နေ့ချင်းကြည့်ရှုနေပါတယ်”လို့ လက်ထောက်နည်းပြ ဆမ်မြူရယ်က ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ချီလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး မိနစ် ၉၀ ပြည့်တော့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်ဆေးမှုတွေအပြီးမှာ အာဂျင်တီးနားအသင်းက မက်ဆီကို ပီရူးနဲ့ပွဲမှာ အနားပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။


“ကျွန်တော် ပွဲအစပိုင်းမှာ ညာဘက်တံကောက်ကြောနေရာက မသက်မသာဖြစ်လာပါတယ်။ ဒါပေမယ့် ပွဲအပြီးထိ ဆက်ကစားခဲ့ပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။


စကာလိုနီက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပြီး ပီရူးနဲ့ပွဲကိုလည်း လွဲချော်မယ်ဖြစ်ပါတယ်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က စည်းမျည်းချိုးဖောက်မှုကြောင့် အာဂျင်တီးနားအသင်းကို ဒေါ်လာ ၁၅၀၀၀ ဒဏ်ကြေပေးဆောင်ခိုင်းခဲ့ပါတယ်။


“သူက အခြေအနေတွေကို အေးဆေးဖြေရှင်းနေပါတယ်။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ဝန်ထမ်းတွေရှိနေတာကြောင့်ပါ”လို့ ဆမ်မြူရယ်က ပြောခဲ့ပါတယ်။

Comments


bottom of page