top of page

ဘရူနိုဖာနန်ဒက်စ်ကို ရော်နယ်ဒို ဘောလုံးခင်းပေးလိုက်တဲ့အပေါ် ပရိသတ်တွေပါ မယုံနိုင်ဖြစ်နေ


ree

မနေ့ညက တူရကီနဲ့ ပေါ်တူဂီတို့ရဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက ဘရူနို ဖာနန်ဒက်စ်အတွက် ဖန်တီးပေးခဲ့တဲ့အတွက် ပရိသတ်များကို အံ့သြစေခဲ့ပါတယ်။ ပေါ်တူဂီက ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမပိုင်းတွင် ဘာနာဒို ဆေးလ်ဗာရဲ့ ဂိုးနှင့် တူရကီမှ ကိုယ့်ဂိုးကိုယ်သွင်းမှုများကြောင့် ပေါ်တူဂီအသင်းကဦးဆောင်ခဲ့နေခဲ့ပါတယ်။



ree

ဒုတိယပိုင်းတွင်လည်း တူရကီနောက်တန်းတွေရဲ့အမှားကြောင့် ရော်နယ်ဒိုက အပိုင်အခွင့်အရေးတစ်ကြိမ်ကို ရခဲ့ပါတယ်။ ဂိုးသမားနှင့် တစ်ယောက်ချင်းစီ ရင်ဆိုင်ရာမှာ ရော်နယ်ဒိုက ကိုယ်တိုင်ကန်သွင်းခြင်း မပြုဘဲ ဘရူနို ဖာနန်ဒက်စ်ကို ခင်းပေးခဲ့ပါတယ်။ ဘရူနိုကလည်းအခွင့်အရေးကို သေချာစွာ အသုံးချနိုင်ခဲ့ပြီး ရော်နယ်ဒိုကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။


ree

ပရိသတ်များက "ရော်နယ်ဒိုက ဘောလုံးကို တိုက်ရိုက်မကန်ဘဲ ခင်းပေးတာကို မယုံနိုင်ဘူး"၊ "ပွဲစီစဉ်တင်ဆက်သူတောင် အံ့သြနေတယ်"၊ "အသင်းကို ဦးစားပေးတယ်၊ ဒါကြောင့်ပဲ ကမ္ဘာ့အကောင်းဆုံးဖြစ်နေတာ"၊ "တစ်ကိုယ်ကောင်းတယ်လို့ ပြောတဲ့လူတွေက လုံးဝမှားနေကြတယ်" ဆိုပြီး အမျိုးမျိုးသော မှတ်ချက်များ ပြုခဲ့ကြပါတယ်။

ရော်နယ်ဒိုက ပေါ်တူဂီအတွက် အုပ်စုနှစ်ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးပေမယ့်လည်း ဂိုးဖန်တီးမှုတစ်ကြိမ်တော့ ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။


ree

Comments


bottom of page