top of page

ရှမ်းကိုးမီးကစားနည်း

Updated: Jun 22, 2024



ရှမ်းကိုးမီးဆိုတာ ကိုးမီးရယ် တွမ်တီဝမ်းရယ် ရှိုးရယ် ပေါင်းထားတာလို့ ပြောနိုင်ပါတယ်။


ကစားပုံကတော့ဒိုင်နဲ့ထိုးသားရှိပါမယ်..။

ပထမဖဲနှစ်ချပ်စီ ဝေပါတယ်။

ရှစ်ပေါက် နဲ့ ကိုးပေါက်ကျရင် "ဒို"လို့ခေါ်ပြီး လှန်ပြရပါတယ်။

ဒိုင်လည်းဒိုရင်တော့ သူနိုင်သူစားကိုနိုင်ရင်အလျော်ရပြီးနောက်တစ်ပွဲ စရုံပါပဲ...။

ဒိုင်ကမဒိုဘူးဆိုရင် ဒိုတဲ့ထိုးသားကိုလျော်ပြီးကျန်တဲ့သူတွေက အပွင့်နည်းရင်ဆက်ဆွဲနိုင်ပြီး ဒိုင်ကလည်း ဆွဲနိုင်သလို ဖမ်းချင်တဲ့အိမ်ကို ဖမ်းလို့ရပါတယ်။ကျန်တဲ့အိမ်ကို ဆက်ဆွဲပြီးမှ ဖမ်းလည်းရ

တယ်။တွင်တီဝမ်း (21)သဘောပါပဲ။ တွမ်တီဝမ်း(21)လိုငါးချပ်ထိဆွဲလို့တော့ မရပါဘူး။ရှုံးရှုံးနိုင်နိုင်တစ်ချပ်ပဲ ထပ်ဆွဲခွင့်ရှိပါတယ်။


ရှမ်းကိုးမီးမှာ အတိုက်မရှိပါဘူး။ရှိုးလိုပဲပါဝါယှဉ်ရတယ်။

အပေါက်ခြင်းတူရင် တစ် ကင်း ကွင်း ဂျက် ဆယ် စသည်ဖြင့် ပါဝါတိုင်းသွားရပါတယ်။

ပါဝါခြင်းတူရင် စပိတ် ဟပ် ထောင့် ညင်းစသည်ဖြင့် အပွင့် တိုင်းရပါတယ်။

( ရှမ်းကိုးမီး ကို အပြင်မှာ ဆနဲ့ကစားမယ်ဆိုရင် ဒိုင်နဲ့ထိုးသား

မကစားခင်ကတည်းက ဆသတ်မှတ်ရပါတယ်။နှစ်ချပ်ကို ဘယ်နှဆ သုံးချပ်ကို ဘယ်နှဆ ဆိုပြီးတော့ပေါ့)


ဆဆိုတာက အပွင့်တူတာကို သတ်မှတ်တာပါ။ဥပမာ

စပိတ် ၂ သုံးချပ်

ဟပ် ၂ သုံးချပ်

ထောင့် ၂ သုံးချပ်မျိုး ဆိုရင် သတ်မှတ်ထားတဲ့ဆနဲ့ အလျော်အစားလုပ်ရပါတယ်။ ပွင့်တူနှစ်ချပ်ကိုဆသုံးဆိုပြီး

ပြောထားခဲ့ရင် ကိုယ့်ဖဲက ဒိုင်ကိုအပွင့်တူနဲ့နိုင်ရင်ဒိုင်က တစ်ထောင်ထိုးထားရရင် သုံးထောင်လျော်ရပြီး ဒိုင်ကဆနဲ့နိုင်ရင် ကိုယ်တစ်ထောင်ထိုးထားပေမဲ့ ဒိုင်ကိုသုံးထောင်ပေးရပါမယ်။

အပွင့်တူဖဲသုံးချပ်ဆိုရင် အစကတည်းက ၅ဆ၊၁၅

ဆသတ်မှတ်ရင် ၅ဆ၊၁၅ဆစသည်ဖြင့် အလျော်အစားပေးရ ယူရပါတယ်။


ရှမ်းကိုးမီးမှာ ထူးခြားတာက မျိုးတူကုလားသုံးကောင်ဟာ ဘူမဟုတ်ပါဘူး သုံးချပ်ကိုးမီးကိုတောင်နိုင်ပါတယ်။ဥပမာ ကင်းသုံးလုံး ကွင်းသုံးလုံး

ဂျက်သုံးလုံးစသဖြင့်ပေါ့။

အဲ မျိုးတူနှစ်ချက်ဆိုရင်တော့ ဘူပါပဲ။သုံးချပ်ခြင်းတူရင် ပါဝါတိုင်းရုံပါပဲ။

ဒီလောက်ဆို ရှမ်းကိုးမီးရဲ့အခြေခံသဘောတရားကို နားလည်လောက်ပြီ ထင်ပါတယ်။




Comments


bottom of page