top of page

ဘောလုံးလောင်းကစားခြင်း အခြေခံ အချက်များ


man hold football

#စည်းကမ်းချက် (၁) ။ ။ ရှုံးဖို့မတတ်နိုင်သည့် ပမာဏအား မည်သည့်အခါမှ မလောင်းပါနှင့်။

နားလည်ဖို့ အလွယ်ဆုံး စည်းကမ်းချက်ဖြစ်ပါတယ်။ ဒါပေမယ့် လောင်းကစားသူတွေအနေနဲ့ လိုက်နာဖို့ အခက်ခဲဆုံး အချက်လည်း ဖြစ်ပါတယ်။ လောင်းကစားသူများဟာ နိုင်နေတဲ့အခြေအနေမှာပဲဖြစ်ဖြစ် ရှုံးနေတဲ့အခြေအနေမှာပဲဖြစ်ဖြစ် သူတို့ မူလ ရှုံးဖို့မတတ်နိုင်တဲ့ ပမာဏကို လောင်းတတ်ပါတယ်။ အဲ့ဒီလို ရှုံးဖို့မတတ်နိုင်သည့် ပမာဏကို မည်သည့်အခါမှ မလောင်းပါနှင့်။ ထပ်ပြောပါမယ်။ အရေးအကြီးဆုံးအချက်ပါ။ ကိုယ်ရှုံးဖို့မတတ်နိုင်သည့် ပမာဏအား မည်သည့်အခါမှ မလောင်းပါနှင့်။

ကျွန်တော်တို့ စည်းကမ်းချက်(၁)ကို ဖောက်ဖျက်မိဖို့ အလွယ်ကူဆုံးအချိန်ကတော့ ကျွန်တော်တို့နိုင်နေတဲ့ အချိန်မှာပါပဲ။ ကျွန်တော်တို့နိုင်နေတဲ့အချိန်မှာ ဒီပွဲကို ငါနိုင်တဲ့ပိုက်ဆံတွေရဲ့တစ်ဝက် (သို့) အကုန်လုံး ပိုပြီးထိုးလိုက်မယ်ကွာဆိုပြီး လုပ်တတ်ပါတယ်။ လုံး၀ မလုပ်ပါနဲ့။ ထပ်ပြောပါမယ်။ လုံး၀ မလုပ်ပါနဲ့။ စည်းကမ်းချက်(၁)ကို ဖောက်ဖျက်မိဖို့ နောက်ထပ် အလွယ်ကူဆုံးအချိန်ကတော့ ကျွန်တော်တို့ ရှုံးနေတဲ့အချိန်မှာပါ။ “ငါရှုံးတာ နှစ်ပွဲ(သို့)သုံးပွဲတောင်ရှိပြီ။ ဒီပွဲမှာ ငါ့အရင်းပြန်ရအောင် ဒါမှမဟုတ် ငါ့အရင်းအပြင်အမြတ်ပါးပါးလေးရဖို့ ငါပိုပြီးထိုးလိုက်မယ်ကွာ” ဆိုပြီး လုပ်တတ်ပါသေးတယ်။ လုံး၀ မလုပ်ပါနဲ့။ ထပ်ပြောပါမယ်။ လုံး၀ မလုပ်ပါနဲ့။ ( ရှုံးနေတဲ့အချိန် အရှုံးနဲ့ ရပ်နိုင်ပါစေ။ )

ကျွန်တော်တို့နိုင်နေတဲ့အချိန် ကိုယ့်အရင်းကိုဖယ်ထားပြီး နိုင်တဲ့ပိုက်ဆံနဲ့ ဆက်ကစားနေမယ်ဆိုရင်တော့ ဒိုင်တွေ (Bookies) ပျော်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒိုင်က သူ့ဆီက ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ထားတဲ့ ပိုက်ဆံကို ကျွန်တော်တို့ ခင်ဗျားတို့ဆီက တစ်ပြားမှမချန်ပဲ ပြန်ယူသွားဖို့ ဒိုင်တွေက (Bookies) ကြိုတင်မျှော်မှန်းတွက်ဆထားပါတယ်။ ( နိုင်နေတဲ့အချိန် အနိုင်နဲ့ပိုင်းတတ်ပါစေ။ )

အကောင်းဆုံးအကြံပြုချက်ကတော့ ကျွန်တော်တို့ ဒီနေ့ လောင်းကစားမလုပ်ခင်မှာ ဘယ်လောက် နိုင်ရင် တော်မလဲ၊ ဘယ်လောက် ရှုံးရင် တော်မလဲ ဆိုတဲ့ ကန့်သတ်ချက်ထားရမှာဖြစ်ပါတယ်။ ( ကိုယ့်မှာရှိတဲ့ ပမာဏနဲ့ ကန့်သတ်ထားတာ အကောင်းဆုံးပါပဲ။ ) ဥပမာ။ ။တစ်သိန်းရင်းပြီး ငါးသောင်းမြတ်ရင်၊ တစ်သိန်းရင်းပြီး ငါးသောင်းရှုံးရင် တော်ပြီဆိုပြီးကန့်သတ်ထားတာကို ဆိုလိုတာပါ။



#စည်းကမ်းချက် (၂) ။ ။ ဆတိုးလောင်းခြင်း၊ ပုံသေနည်းဖြင့်လောင်းခြင်းများကို လုံးဝမလုပ်ပါနှင့်။

ကျွန်တော်တို့ မောင်း (Mix Parlay) လောင်းတဲ့အခါ၊ အသင်း (၅/၆) သင်းရွေး ဘယ်အသင်းတစ်သင်းပဲကျကျ၊ မောင်းအောင်တဲ့ ပုံသေနည်းကို မလောင်းခိုင်းတာပါ။ ဘာဖြစ်လို့လဲဆိုရင် ၄သင်းမောင်းမှာပဲ သေချာတွက်ကြည့်ပါဦး။ လေးသင်းမောင်းအတွက် ကျွန်တော်တို့ ရွေးရမယ့်အသင်းက ၅ သင်း၊ မောင်းထိုးရမှာကလဲ ၅ ချက်၊ ရမယ့်အဆက ၁၂ဆပဲထားပါဦး။ တစ်သောင်းမောင်းဆို ၅၀၀၀၀ ရင်းရမယ်။ မောင်းအောင်မှ ၁၂၀၀၀၀။ အမြတ်က ၇၀၀၀၀ ပဲရှိပါတယ်။ အဲ့ဒီ ၅ သင်းထဲက နှစ်သင်းပဲကျ ၅၀၀၀၀ ရှုံးပြီ။ အဲဒီအစား ၅သင်းလုံးကို ၁၀၀၀၀ ဆီကစားရင် ၂သင်းကျရင်လဲ ကိုယ်ကမြတ်သေးတယ်။ ၃ သင်းကျရင်တောင် ကိုယ်က တစ်သင်းစာပဲရှုံးမှာပါ။ ဒီတော့ အန္တရာယ်များတဲ့ မောင်းပုံသေနည်းတွေကို မကစားသင့်ပါဘူး။

နောက်တစ်ခုက အသင်းတစ်သင်းထဲကို ဆတိုးလိုက်လောင်းတဲ့ကစားနည်းပါ။ တစ်သောင်းနဲ့စလိုက်ကြည့်မယ်ဗျာ။ နှစ်ပွဲမြောက် နှစ်သောင်း၊ သုံးပွဲမြောက် လေးသောင်း၊ လေးပွဲမြောက် ရှစ်သောင်း၊ ငါးပွဲမြောက် တစ်သိန်းခြောက်သောင်း၊ ခြောက်ပွဲမြောက် သုံးသိန်းနှစ်သောင်း ……. ကဲ ခြောက်ပွဲမြောက်မှာ အောင်သွားပြီဗျာ။ ကျွန်တော်တို့ကို ဒိုင်က အကောက်နုတ်ပြီး ၃၀၄၀၀၀ လျော်လိုက်ပြီ။ ကျွန်တော်တို့အရင်းက ၅ပွဲမြောက်မှာ ၃၁၀၀၀၀ ဖြစ်နေပါပြီ။ ကျွန်တော်တို့ ၆၀၀၀ ရှုံးသွားပါပြီ။ ခြောက်ပွဲမြောက်ကစားဖို့ ကျွန်တော်တို့အရင်းစုစုပေါင်း ၆၃၀၀၀၀ ရှိမှဖြစ်မှာပါ။ ခုနှစ်ပွဲမြောက်ဆိုရင် ကျွန်တော်တို့မှာ အရင်း ၁၂၇၀၀၀၀ ရှိမှ ဆက်လိုက်လို့ရမှာပါ။ ဒီလောက်ဆိုရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ဆတိုးလောင်းခြင်းကို မကစားသင့်ပါဘူး။


phone and football player



#စည်းကမ်းချက် (၃) ။ ။ ကိုယ်သိတာကိုပဲ လောင်းပါ၊ ကိုယ်မသိတာကို လုံးဝမလောင်းပါနှင့်။

ဥပမာဆိုရရင် Online Betting စလုပ်ကြတဲ့သူတွေပါ။ ကျွန်တော်လည်းပဲ အရင်တုန်းက ကမ္ဘာအနှံ့က ပွဲတွေကို ဘာမှမလေ့လာ၊ ဘာမှမသိပဲ ရမ်းလောင်းခဲ့ပါတယ်။ အဆုံးသတ်ကတော့ ရှုံးတာပဲပေါ့ဗျာ။ ကိုယ်မသိတဲ့ပွဲတွေကို Online မှာ လျှောက်လောင်းနေရင်တော့ ပိုက်ဆံထည့်မလောက်ဖြစ်သွားမှာပါ။ အဲဒီတော့ ကိုယ်ကစားမယ့်အသင်း၊ ကိုယ်ကစားမယ့် League အကြောင်းကိုတော့ သိကိုသိထားအောင် လေ့လာရပါမယ်။ အမေရိကန်၊ အာဂျင်တီးနား၊ ပီရူး၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကမ္ဘာအနှံ့မှာကန်နေတဲ့ အသင်းတွေ၊ နောက်ဆုံး မြန်မာနေရှင်နယ်လိဒ် အထိ ကိုယ်မသိပဲနှင့် လောင်းကစားခြင်းကို လုံးဝမလုပ်ပါနဲ့။

ဘောလုံးပွဲတစ်ပွဲမှာ ပါဝင်ပက်သက်တဲ့သူတွေက ကျွန်တော်တို့ သာမန်အနေနဲ့ တွေးကြည့်ရင် ( ကစားသမားတွေ၊ ဒိုင်လူကြီးတွေ၊ မန်နေဂျာတွေ ) အယောက် ၃၀ ကျော် ( အရံလူစာရင်းပါရင်ဒီထက်ပိုများပါတယ် ) ရှိပါတယ်။ ဒါ့အပြင် အသင်းတွေရဲ့ပွဲစဉ်ဇယား၊ အသင်းတွေရဲ့ နိုင်ငံကိုယ်စားပြုလက်ရွေးစင်ကစားသမားတွေ၊ ကစားသမား အပြောင်းအရွေ့/ပွဲပယ်ပြစ်ဒဏ်၊ သက်ဆိုင်ရာနိုင်ငံ/ဒေသဆိုင်ရာတိုက်ရဲ့ (ဥပမာ။ ။ အာရှတိုက်၊ ဥရောပတိုက်) ဘောလုံးဥပဒေနှင့် ဘောလုံးစည်းကမ်း လုပ်ထုံးလုပ်နည်းတွေအပြင် အခြားအချက်များကလည်း ဘောလုံးပွဲတစ်ပွဲမှာ များစွာ ပါဝင်ပက်သက်နေပါတယ်။

ကျွန်တော်တို့က ဘောလုံးပွဲတစ်ပွဲကိုလောင်းတဲ့အခါ လောင်းကြေးကိုကြည့်ပြီးတော့ ဒီအသင်းကတော့နာမည်ကြီးပဲ ဒီဈေးလောက်ပဲပေါက်ရင်တော့ ဒီအသင်းကိုပဲယူမှာပေါ့ဆိုပြီး လောင်းလိုက်တယ်ဆိုပါစို့။ ဘောလုံးပွဲစတော့ နှစ်ဘက်အသင်းအကြိတ်အနယ်ကန်နေတာကို ကြည့်ပြီး ရင်တွေခုန်နေတာပေါ့လေ။ ပွဲလည်းပြီးရော ကိုယ်လောင်းထားတဲ့ ပိုက်ဆံကုန်ပါလေရော။ ။ ကိုယ်လောင်းထားတဲ့ နာမည်ကြီးအသင်းမှာ အကောင်းဆုံးတိုက်စစ်မှူး ဒါမှမဟုတ် အကောင်းဆုံးဂိုးသမားက မကစားနိုင်တာကို ကျွန်တော်တို့က မသိခဲ့ဘူးလေ။ ဒါပေမယ့် ဒိုင် (Bookie) တွေက သိနေလို့ အဲဒီကြေးဖွင့်ထားတာပါလို့ပဲ ပြောပါရစေ။ (Follow တွေ၊ Anti-Follow တွေကို မဆိုလိုပါဘူးနော်၊ သူတို့က အဲဒီပွဲအကြောင်းကို လေ့လာပြီးမှ Follow တွေ၊ Anti-Follow တွေလုပ်ကြတာပါ။ ကျွန်တော်ပြောချင်တာက ဘောလုံးပွဲတွေကို ကိုယ်လဲမလေ့လာ၊ ကိုယ်လဲမသိပဲ လုံးဝမလောင်းဖို့ကို အဓိကပြောချင်တာပါ။)

ကျွန်တော်ကစားတဲ့ပိုက်ဆံတွေရဲ့ ၈၀% ကို ကျွန်တော်တို့ ငယ်ငယ်ကတည်းကသိခဲ့တဲ့ English Premier League, Italian Serie A နဲ့ Spain Laliga မှာ ကစားဖြစ်ပါတယ်။ ကျန်တာကိုတော့ ဂျာမနီမှာများများနဲ့ ပြင်သစ်မှာ နည်းနည်းကစားဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်နဲ့အကျွမ်းဝင်ဆုံး၊ ကိုယ်သိတဲ့အထဲမှာမှ ပိုပြီးသိတဲ့ပွဲတွေကို ကစားဖို့ပြောတာပါ။ ကိုယ်သိပါတယ်၊ ကိုယ်လေ့လာထားပါတယ်ဆိုတဲ့ပွဲတွေတောင် ရှုံးတတ်သေးတာပဲဗျာ။ ကိုယ်မသိ၊ ကိုယ်မလေ့လာထားတဲ့ပွဲတွေကို ကစားရင် ရှုံးဖို့ ပိုပြီး ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်သိတာကိုပဲ လောင်းပါ၊ ကိုယ်မသိတာကို လုံးဝမလောင်းပါနှင့်။


#စည်းကမ်းချက် (၄) ။ ။ ဘောလုံးပွဲ Tips များကို လေ့လာပါ။ သို့သော် အရမ်း မှီခိုခြင်းမပြုပါနှင့်။

အခုဆိုရင် ဘောလုံးပွဲအကြံဉာဏ်ပေးတဲ့ Website တွေ၊ Facebook Page တွေ၊ ဂျာနယ်တွေ အများကြီးရှိနေပါပြီ။ ကျွန်တော်တို့ မြန်မာပြည်က နာမည်ကြီး Tipster အချို့က သူတို့ရဲ့ Tips တွေကို တစ်ပွဲချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်း ကို အခကြေးငွေနဲ့ရောင်းချကြသလို၊ အချို့ကလည်း အခမဲ့ Tips တွေပေးနေကြပါတယ်။ ဒါ့အပြင် နိုင်ငံခြား နာမည်ကြီး Tips တွေကို စုပေါင်းဝယ်ယူကြတဲ့လူတွေလည်း ရှိကြပါတယ်။ ဟုတ်ပါပြီ သူတို့တွေ ဘာလို့ Tips တွေ ဝယ်ကြသလဲ။ အကြောင်းအမျိုးမျိုးကြောင့် Tips တွေဝယ်ကြပေမယ့် များသောအားဖြင့် ဘောလုံးပွဲတွေကို လေ့လာဖို့ အချိန်မပေးနိုင်သူတွေနဲ့ Big Hand (လက်ကြီးသမား) တွေအများဆုံးဝယ်ကြတာ များပါတယ်။

ကျွန်တော်လည်း Tips တွေကို လေ့လာပါတယ်။ ပိုက်ဆံနဲ့ဝယ်ရတဲ့ Tips တွေမဝယ်နိုင်သေးရင် အခမဲ့ရတဲ့ Tips တွေကို လေ့လာပါ။ ကျွန်တော် သတိထားမိသလောက် အခမဲ့ Tips တွေကနေ ကျွန်တော်တို့ အကျိုးအမြတ်များများရခဲ့ပြီးရင် အဲ့ဒီ Tips တွေက နောက်ပိုင်းမှာ အခမဲ့မရတော့တာ တော်တော်များပါတယ်။ ဒါကလည်း အပြစ်ဆိုလို့မရပါဘူး။ ပိုက်ဆံဆိုတာ လောကမှာ ဒုတိယ ဘုရားသခင်ပဲလို့ စကားပုံတောင် ရှိပါသေးတယ်။

နိုင်ငံခြားကနာမည်ကြီး Tips ပဲဝယ်ဝယ်၊ ပြည်တွင်းကနာမည်ကြီး Tips ပဲဝယ်ဝယ်၊ ကျွန်တော်တို့က သူတို့ရဲ့ အစဉ်အလာနဲ့ အကျိုးအမြတ်ရရှိနိုင်မှုတွေကို သေချာလေ့လာရပါမယ်။ အခု ကျွန်တော်ဆိုလိုချင်တဲ့အပိုင်းကို ရောက်ပါပြီ။ ဘယ်လောက်ပဲနာမည်ကြီးတဲ့ Tips တွေ ဖြစ်နေပါစေ၊ အမြဲတမ်း ဆက်တိုက် ၁၀၀% မှန်တဲ့ Tips ဆိုတာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့က လူသားတွေပဲမို့ လွဲချော်တဲ့အခါဆိုတာ ရှိစမြဲပါ။

ဘယ်လောက်နာမည်ကြီးတဲ့ Tips ဖြစ်ဖြစ်၊ မျက်လုံးမှိတ်ပြီးတော့ ဇွတ်မလိုက်ပါနှင့်။ ကျွန်တော်ပေးတဲ့ Tips တွေကိုလဲ မျက်လုံးမှိတ်ပြီး ဇွတ်မလိုက်ပါနှင့်။ မိမိကိုယ်တိုင်ကလဲ လေ့လာထားပြီး ပေးထားတဲ့ Tips နဲ့တူနေရင်တော့ လုပ်ပေါ့၊ မတားပါဘူး။ ကိုယ်တွေးထားတာကတစ်မျိုး ပေးထားတဲ့ Tips က တစ်မျိုးဆိုရင်တော့ ကိုယ့်အတွေးကိုပဲ ဦးစားပေးသင့်ပါတယ်။ ကိုယ့်အတွေးကို မယုံဘူးဆိုရင်တော့လည်း တစ်မျိုးပေါ့ဗျာ။ ဒါမှမဟုတ်ပဲ ဒီ Tips က ဒီလိုပေးတာဆိုပြီး ဘာမှမလေ့လာတော့ပဲ ရမ်းလောင်းတာကို လုံးဝမလုပ်သင့်ပါဘူးလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမြဲတမ်း ဆက်တိုက် ၁၀၀% မှန်တဲ့ Tips ဆိုတာ မရှိနိုင်လို့ပါ။

ဆိုလိုချင်တာက Tips တစ်ခုခုကို လိုက်တော့မယ်ဆိုရင် အနည်းဆုံး ပေါက်ကြေးအတက်အကျ၊ ပွဲပယ်/ဒဏ်ရာရ လူစာရင်းလောက်တော့ လေ့လာပြီးမှ လိုက်ပါ။ ဘာမှမလေ့လာပဲ Tips တွေကို အရမ်းမှီခိုတာကို လုံးဝမလုပ်သင့်ပါဘူး။

goonersguide.com မှ basic betting tips ကို မှီငြမ်းထားပါသည်။

ကံကောင်းခြင်းများစွာနှင့်အောင်မြင်ကြပါစေ။

Comments


bottom of page